- Get link
- X
- Other Apps
Featured Post
Posted by
Basic Education High School - Mone
on
- Get link
- X
- Other Apps
တည်နေရာ
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှတိုက် အရှေ့ တောင်ပိုင်းတွင်တည်ရှိပြီး မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အထိနှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်အထိ ကျယ်ဝန်းသည်။ အိမ်နီးချင်းနိုင်ငံများအဖြစ် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိပြီး တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တည်ရှိသည်။ ရန်ကုန်မြို့တော်ကို အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် မျဉ်းကြောင်းနှင့် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၅ မိနစ်မျဉ်းကြောင်းတို့ ဖြတ်သန်းသွားကြသည်။ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ မိနစ် ၃ဝ မျဉ်းကို မြန်မာစံတော်ချိန်မျဉ်းအဖြစ် သတ်မှတ်ထားရာ မြန်မာစံတော်ချိန်သည် ဂရင်းနစ်စံတော်ချိန်ထက် ၆ နာရီ မိနစ် ၃ဝ စောသည်။
အကျယ်အဝန်း
မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ၂၆၁,၂၂၈ စတုရန်းမိုင် (၆၇၆,၅၇၈ စတုရန်းကီလိုမီတာ) ရှိသည်။ အရှေ့တောင်အာရှတိုက်တွင် ဒုတိယအကြီးဆုံးဖြစ်ပြီး မြေပြင်တဆက်တည်းအကျယ်အဝန်းအရဆိုလျှင် အကြီးဆုံးဖြစ်သည်။ ကမ္ဘာတွင် (ဇန်ဘီယာပြီးလျှင်) ၄၀ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ တက္ကဆက်ပြည်နယ်ထက် အနည်းငယ်သေးပြီး အာဖဂန်နစ္စတန်နိုင်ငံထက် အနည်းငယ်ကြီးမားသည်။ အရှေ့နှင့်အနောက် ၅၈၂ မိုင် (၉၃၆ ကီလိုမီတာ) ကျယ်ဝန်းပြီး တောင်နှင့်မြောက် ၁,၂၇၅ မိုင် (၂,ဝ၅၁ ကီလိုမီတာ) ရှည်လျားသည်။ မြန်မာနိုင်ငံ၏ နယ်နိမိတ်အရှည်သည်
မိုင်ပေါင်း ၅,၂ဝဝ ခန့်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်မိုင်ပေါင်း ၃,၈ဝ၈ မိုင် ဆက်စပ်လျက်ရှိရာတရုတ်မြန်မာ နယ်စပ်မှာ အရှည်လျားဆုံးဖြစ်ပြီး ၂၁၈၅ ကီလိုမီတာ (၁,၃၅၇ မိုင်)၊[၂၅] မြန်မာ-ထိုင်း ၁,၃၁၄ မိုင်၊ မြန်မာအိန္ဒိယ ၈၅၇ မိုင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၅၂ မိုင်နှင့် မြန်မာ-လာအို ၁၂၈ မိုင် အသီးသီး ရှိကြသည်။ ရေမိုင်နယ်နိမိတ်မှာ နတ်မြစ်ဝမှ ကော့သောင်းအထိ အလျား ၁,၃၈၅ မိုင်ခန့်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ တည်ရှိကာ ပင်လယ်ကမ်းရိုးတန်းမှာ ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) ရှည်လျားသည်။ ကမ်းရိုးတန်း၏အလျားမှာ နိုင်ငံပတ်ပတ်လည် နယ်နိမိတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံရှိသည်။ [၂၅]

Comments
Post a Comment