- Get link
- X
- Other Apps
Featured Post
- Get link
- X
- Other Apps
အသံထွက်မှန်မှ
Ref: ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့
ပါဠိစာပေကျမ်းဂန်တတ်ကျွမ်းသူများက ပါဠိစကားလုံးများကို ပါဠိဘာသာစကား၏ ဌာန်၊ ကရိုဏ်၊ ပယက်နှင့်အညီ-
မေတ္တာ ကို မစ်တာ
ပညာ ကို ပင်ညာ
မဟောသဓ ကို မဟောသဓ ဟု အသံထွက် ဖတ်သည်။ သို့သော် နေ့စဉ်သုံး မြန်မာစကားတွင်မူ-
မေတ္တာ ကို မျစ်တာ
ပညာ ကို ပျင်ညာ
မဟောသဓ ကို မဟော်သဓာ ဟု မြန်မာ့ အာ၊ လျှာအတိုင်း ပြောင်းလဲထွက်သည်။
ထိုပါဠိအသံထွက်တို့သည် ပါဠိအသံထွက်စစ်စစ် မဟုတ်သော်လည်း အများလက်ခံ သုံးစွဲနေသည့် အသားကျ အသံထွက်များ ဖြစ်သည်။ သို့ရာတွင် အချို့ပါဠိစကားလုံးတို့ကိုမူ အသိအမှတ်မှားပြီး ပျက်ပျက်ယွင်းယွင်း ရွတ်ဖတ်လာကြသဖြင့် အနက်အဓိပ္ပါယ်ပါ လွဲများသွားရသည်။ ထိုအသံထွက်များကိုမူ အမှန်သို့ ပြင်ရန်လိုအပ်သည်။
Ref: ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့
Comments
Post a Comment