- Get link
- X
- Other Apps
Featured Post
Posted by
Basic Education High School - Mone
on
- Get link
- X
- Other Apps
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တည်ရှိပြီး မြောက်ဘက်တွင် တရုတ်ပြည်သူ့နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော တိဗက်ဒေသ၊ အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။ ကမ်းရိုးတန်းဒေသသည် မြန်မာနိုင်ငံ၏ အောက်ပိုင်းဒေသဖြစ်ပြီး ကုန်းတွင်းပိုင်းဒေသသည် မြန်မာနိုင်ငံ အထက်ပိုင်းဒေသဖြစ်သည်။ စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ ၆၇၆,၅၇၈ စတုရန်း ကီလိုမီတာ (၂၆၁,၂၂၈ စတုရန်းမိုင်) ဖြစ်သည်။
မြင်းခွာပုံသဏ္ဍာန် တောင်တန်းများနှင့် ဧရာဝတီမြစ်ဝှမ်းတို့သည် မြန်မာနိုင်ငံ၏ ထင်ရှားသော မြေမျက်နှာသွင်ပြင်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ မြောက်ဘက် အစပ်ရှိ တောင်တန်းများအနက် ခါကာဘိုရာဇီတောင်ထိပ်သည် အရှေ့တောင်အာရှတွင် အမြင့်ဆုံး ဖြစ်ပြီး ၅၈၈၁ မီတာ (၁၉၂၉၆ပေ) ရှိပါသည်။ တောင်တန်းအများစု မှာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိပါသည်။ ရခိုင်ရိုးမတောင်တန်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယတိုက်ငယ်တို့ကြားတွင်တံတိုင်းသဖွယ်ဖြစ်ပေါ်နေပြီး တောင်ထိပ်များမှာ အမြင့် ၂၇၄၀ မီတာ(၉ဝဝဝခန့်) ကျော်မြင့်ပါသည်။
အတွင်းပိုင်းသို့ ကျဉ်းမြောင်းရှည်လျားသွားပြီး အလယ်ပိုင်းချိုင့်ဝှမ်းဒေသသည် ဧရာဝတီ စစ်တောင်းမြစ်ဝှမ်းတလျောက် ၃၂၀ ကီလိုမီတာခန့်(မိုင် ၂၀ဝ ခန့်) ကျယ်ဝန်းသည်။ နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါပြီး မြေသြဇာအလွန်ကောင်းသော မြစ်ဝှမ်း လွင်ပြင်သည် ၄၆,၆၂၀ စတုရန်းကီလိုမီတာ (၁၈,ဝဝဝစတုရန်းမိုင်) ကျယ်ဝန်းသည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ရှိ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းများသည် တောင်ထူထပ်ပြီး ကျွန်းများနှင့်ကာရံထားသည်။ မြန်မာနိုင်ငံတွင် ကောင်းမွန် သော သဘာဝဆိပ်ကမ်းများလည်းရှိပါသည်။
ကိုးကားချက်။ ။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
Comments
Post a Comment