- Get link
- X
- Other Apps
Featured Post
Posted by
Basic Education High School - Mone
on
- Get link
- X
- Other Apps
မြန်မာနိုင်ငံတွင် ရှည်လျားသောသမိုင်းကြောင်းရှိပြီး ပြန်ကြည့်လျှင် အနော်ရထာဘုရင်မှ နိုင်ငံကိုစုစည်းပြီး ပုဂံတွင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ၁၁ ရာစု အစောပိုင်းမှာ နိုင်ငံ၏ကြီးကျယ်ခမ်းနားသော ကာလဖြစ်ပါသည်။ ပုဂံနိုင်ငံတော် အကျယ်အဝန်းမှာ ယနေ့ခေတ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ မီနန်တောင်ကြားတခုလုံးဖြစ်ပြီး ရာစုနှစ် ၂စု ကြာမြင့်ခဲ့ပါသည်။ ဒုတိယမြန်မာနိုင်ငံတော်ကို ၁၆ ရာစုတွင် ဘုရင့်နောင် မင်းတရားကြီးမှ ထူထောင်ခဲ့ပါသည်။ နောက်ဆုံးမြန်မာမင်းဆက်ကို အလောင်းမင်းတရားကြီးက ၁၇၅၂ ခုနှစ် တွင် တည်ထောင်ခဲ့ပြီး အထွတ်အထိပ်အောင်မြင်နေသည့် အချိန်ဖြစ်သည့် ၁၈၂၅ ခုနှစ်တွင် ဗြိတိသျှတို့မှ ပထမစစ်ပွဲဆင်နွှဲပြီး မြန်မာနိုင်ငံသို့ ကျူးကျော် ဝင်ရောက်လာပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၂) ခုနှစ်မှ မဟာမိတ်တပ် များ ပြန်လည်ဝင်ရောက်လာသည့် (၁၉၄၅)ခုနှစ်အထိ မြန်မာနိုင်ငံအား ဂျပန်မှ သိမ်းပိုက်ခဲ့သည်။ (၁၉၄၈) ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံသည် နှစ်ပေါင်း (၁၀၀) ကျော် ကိုလိုနီဘဝမှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါသည်။
ကိုးကားချက်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
Comments
Post a Comment