- Get link
- X
- Other Apps
Featured Post
- Get link
- X
- Other Apps
( May Day ) မေဒေး အကြောင်းသိကောင်းစရာ
++++++++++++++++++++++++++++++
#SD
++++++++++++++++++++++++++++++
နိုင်ငံတကာအလုပ်သမားနေ့(မေဒေး)ဆိုတာအမေရိကန်ပြည် ကစတင် ပေါ်ပေါက်ခဲ့ပါတယ်။ မေဒေးနေ့ဘယ် လိုဖြစ် ပေါ်လာသလဲဆိုရင်တနေ့အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေးသပိတ်တိုက်ပွဲတွေကနေစတင်ခဲ့ပါ တယ်။ဘာဖြစ်လို့လဲဆိုတော့တနေ့ကို၁၆နာရီကနေ၂၀နာရီအထိအလုပ်လုပ် နေကြရလို့ပါပဲ။(တစ်ရက်မှာ၂၄ နာရီရှိရာမှာ၂၀နာရီအလုပ်လုပ်ရတယဆိုတော့ လူဟာလူနဲ့မတူတော့ဘူး။ ကျွဲတွေ၊နွားတွေလိုသခင့်အကြိုက်လိုက် ပြီးအတင်းရုန်းကန်ပေးရသလိုမျိုးဖြစ်မနေပေဘူးလား)။
အဲဒီလိုအလုပ်ချိန်များပြားလွန်းနေတာမို့``တနေ့အလုပ်ချိန် ၁၀ နာရီ သတ်မှတ်ရေးသပိတ်တိုက်ပွဲ´´တွေကို (၁၈၀၆)ခုနှစ်အမေရိကန်ပြည် ဖီလာဒယ်ဗီးယားမြို့ကကြိုးကျစ်စက်ရုံအလုပ်သမားသပိတ်။ (၁၈၂၇)ခုနှစ် ၊ ဖီလာဒယ်ဗီးယားမြို့အဆောက်အဦးအလုပ်သမားသပိတ်။ (၁၈၃၄)ခုနှစ်၊နယူးယောက်မြို့၊ပေါင်မုန့့်ဖုတ်အလုပ်သမားသပိတ်စတဲ့ အလုပ်သမား တိုက်ပွဲတွေ ပေါ်ပေါက် ခဲ့ပါတယ်။
တနေ့့အလုပ်ချိန်၁၀နာရီသတ်မှတ်ရေး လှုပ်ရှားမှုတွေကိုရိုက်နှက် ဖမ်းဆီးတာတွေနဲ့ဖြိုခွဲခဲ့ပါတယ်။ ဒီလိုနဲ(၁၈၃၇)ခုနှစ်မှာအလုပ်ချိန် ၁၀နာရီ တိုက်ပွဲဟာ တမြို့ကနေတမြို့ကိုကူးစက်ကျယ်ပြန့်ခဲ့တာမို့ပြည် နယ််အစိုးရတချို့ဟာမရေမရာကျေညာချက်တွေနဲ့အတူအလုပ်ချိန်၁၀နာရီသတ်မှတ်လိုက်ကြောင်း မိမိပြည်နယ််ထဲမှာကြေညာပေးခဲ့ပါတယ်။
ဒါပေမယ့်ဘာမှအကောင်အထည်မပေါ်ခဲ့သလိုအခွင့်အရေးလည်း မရရှိခဲ့ပါဘူး။ (၁၈၆၆)ခုနှစ် ၊ဗယ်တီမိုမြိုမှာအလုပ်သမားသမဂ္ဂခွဲပေါင်း(၃၀)ကျော်တက်ရောက်တဲ့အစည်းအဝေးကနေ နိုင်ငံလုံးဆိုင်ရာအမျိုးသားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်´´ကိုတည်ထောင်ခဲ့ပါတယ်။အဲဒီသမဂ္ဂအဖွဲ့ချုပ်ဟာ တနေ့အလုပ်ချိန်(၈နာရီ) သတ်မှတ်ရေးတိုက်ပွဲကော်မတီတွေကိုဖွဲ့စည်းပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံကသက်ဆိုင်ရာပြည်နယ်အစိုးရတွေဟာလက်နက်ကိုင် စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေကိုသုံးပြီး အပြင်းအထန် နှိမ်နင်း ခဲ့ ပါတယ်။ခေါင်းဆောင်တွေကို ဖမ်းဆီးညှင်းပန်းတာ၊ထောင်ဒဏ်၊ငွေဒဏ်၊ သတ်မှတ်
ပြီး ပြည်နှင်ဒဏ်ပေးတာ။အလုပ််သမားတွေထဲကပဲကြေးစားလူမိုက် ငှားရမ်းပြီးဖျက်ဆီးစေတာ၊ ရပ်တည်ချက်ပျော့ညံ့တဲ့အလုပ်သမားခေါင်း ဆောင်အချို့ကိုအခွင့်အရေးဗန်းပြပြီးလာဘ်ပေးဖြို ခွဲတာစသဖြင့် နည်းလမ်း
ပါင်းစုံနဲ့အသုံးပြုခဲ့တာတွေ့ရပါ တယ်။
ဒီလိုနဲ့(၁၈၆၈) ခုနှစ်မှာအမေရိကန်ပြည်၊ပြည်နယ်အစိုးရအချို့ကတနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေး့အမည်ခံဥပဒေတရပ်ကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့်အရင်းရှင်တွေကြီးစိုးတဲ့ပုဂ္ဂလိကလုပ်ငန်းတွေကိုလုံး၀သက်ရောက်ခြင်းမရှိတာမို့ဒီဥပဒေဟာမအောင်မြင်ခဲ့ပါဘူး။
တနေ့အလုပ်ချိန်၈နာရီသတ်မှတ်ရေးအတွက် တိုက်ပွဲ၀င်သတ္တုတွင်းအလုပ်သမားလှုပ်ရှားမှုခေါင်းဆောင်တွေကိုသေဒဏ်စီရင်ပစ်တာ၊ မီးရထားလမ်းထုတ်လုပ်ရေး သံမဏိစက်ရုံအလုပ်သမားတွေကိုလက်နက်ကိုင်စစ်တပ်တွေနဲ့နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့(၁၈၈၄) ခုနှစ်အမေရိကန်ပြည် ၊ ချီကာဂိုမြို မှာကျင်းပတဲ့(အလုပ်သမားသမဂ္ဂအစည်းအဝေးကြီး) ကနေအမေရိကန်ပြည်အလုပ်သမားအဖွဲ့ချုပ်(AFL)ရဲ့ညီလာခံ
ကိုကျင်းပပါတယ်။အဲဒီ AFL ညီလာခံကနေတ နေ့အလုပ်ချိန် ၈ နာရီ ရရှိရေးတိုက်ပွဲ၀င်ကြဖို့ဆုံးဖြတ်ပြီးတဲ့အခါပြင်ဆင်ချိန် ၂ နှစ်အချိန်ယူခဲ့ပါတယ်။
အဲဒီပြင် ဆင်ချိန်၂နှစ်အတွင်းမှာတိုက်ပွဲကော်မတီတွေစနစ်တကျ ဖွဲ့စည်းခဲ့ကြပါတယ်။(၁၈၈၆)ခုနှစ် ၊မေလ ၃ရက်နေ မှာပေါ်ပေါက်ခဲ့တဲ့အလုပ်သမားသပိတ်မှာ(၆)ဦးသေဆုံးပြီး အလုပ်သမားရာပေါင်းများစွာဒဏ်ရာ ရခဲ့ပါတယ်။ ဒီကိစ္စကိုဆတ်ဆတ်ခါနာကြည်းကြတဲ့ထောင်ပေါင်းများစွာသောအလုပ် သမားတွေစုဝေးပြီးလူထုအစည်းအဝေးကျင်းပနေစဉ်မှာအကြမ်းဖက်နှိမ်နင်း တာကြောင့်အလုပ်သမား ၄ ယောက်နဲ့ပုလိပ် ၇ယောက်သေဆုံး ခဲ့့ ပါ တယ်။အဲဒီအရေးအခင်းနဲ့ပတ်သက်ပြီးအလုပ်သမားခေါင်းဆောင်၄ဦး(ပါဆင် ၊ သြဂတ်စ်စပိုင့် ၊ ဖစ်ချာအိန်ဂျယ်)တို့့ကိုဆူပူမှုဖန်တီးတယ်ဆိုပြီးလုပ်ကြံစွပ်စွဲကာ သေဒဏ်စီရင်ခံခဲ့ပါတယ်။ ကျန်အလုပ်သမားခေါင်းဆောင်တွေကိုတော့အစိုးရကထောင်ဒဏ် ၊ငွေဒဏ်ပြည်နှင်ဒဏ်စသဖြင့်အပြစ်ပေးခဲ့ပတယ်။
အဲဒီလိုအလုပ်သမားတွေသွးမြေကျခဲ့ရတဲ့တိုက်ပွဲကိုအကြောင်းပြုပြီး(၁၈၈၈) ခုနှစ်စိန့်လူး၀စ်မြို့မှာကျင်းပတဲ့AFLညီလာခံမှာထပ်မံ ံပြီးတော့အလုပ်ချိန်၈နာရီရရှိရေးတိုက်ပွဲ၀င်ရန်နဲ့၁၈၉၀ ခုနှစ်ကစပြီးတော့(မေလ ၁ ရက်)နေ့ကိုအလုပ်သမား တိုက်ပွဲနေ့့(မေဒေး)အဖြစ်သတ်မှတ်ကျင်းပဖို့့ဆုံးဖြတ်ပြဌာန်းလိုက်ကြပါတယ်။
စုဆောင်းတင်ပြသူ
သောင်ရင်းနဂါး(JACBA)
#SD
Comments
Post a Comment